
ပြည်သူ့ဂုဏ်ရည်အသင်း (မေရီလန်း ဌာနခွဲ)မှ စီစဉ်သည့် ♥ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ဆီသို့ ♥ “ပန်းခရမ်းပြာ၏အိမ်မက်များ” စာရေးဆရာမ ဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း၊ ရန်ကုန်)၊ တေးရေး ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ တေးရေး၊ တေးဆို ဆောင်းဦးလှိုင် တို့၏ ဝါရှင်တန်ဒီစီ မြန်မာမိသားစုများ နှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၃ရက် (စနေနေ့) ညနေ ၆ နာရီ မှ ည ၁၀ နာရီခွဲ အထိ၊ မေရီလန်းပြည်နယ် Gaithersburg မြို့ Shady Grove Middle School မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။
 ဝါရှင်တန်ဒီစီ တဝိုက်မှ မြန်မာမိသားစု စုစုပေါင်း ၂၅၀ခန့် တက်ရောက်အားပေးခဲ့ကြပါတယ်။ ဒီ ရန်ပုံငွေရှာဖွေပွဲကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့ နေရတဲ့ လူမှုဒုက္ခများကို တတ်အားသရွေ့ဝိုင်းဝန်းကူညီကြရန်အတွက်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းမှာ လူမှုရေးလုပ်ငန်းများကို ဦးဆောင် ဆောင်ရွက်နေကြသော နာရေးကူညီမှုအသင်း (ရန်ကုန်)က ဒုဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရာသက်ပန်အသင်းဝင်များ ဖြစ်ကြတဲ့ တေးရေးဆရာ ကိုရဲလွင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင်တို့ကို “ပြည်သူ့ဂုဏ်ရည်အသင်း” က တာဝန်ခံဖိတ်ခေါ်၍ ပူးပေါင်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 ဝါရှင်တန်ဒီစီတဝိုက် နေထိုင်ကြသော မြန်မာမိသားစုများ အစီအစဉ်မစခင်ကတည်းရောက်ရှိအားပေးခဲ့ကြပြီး ရန်ပုံငွေဈေးရောင်းပွဲမှာ အလှူရှင် မိသားစုများက မြန်မာအစားအသောက်များရောင်းချခြင်းဖြင့် စေတနာအပြည့်အဝ အားဖြည့်ကူညီခဲ့ပါတယ်။
 အခမ်းအနားအစီအစဉ်တွင် မေရီလန်းပြည်သူ့ဂုဏ်ရည်အဖွဲ့စီစဉ်သူများမှ  “ပြည်သူ့ဂုဏ်ရည်အသင်း”၏ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တေးရေးဆရာ ကိုရဲလွင်၊ ဆရာမဒေါ်သန်းမြင့်အောင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင် တို့က မြန်မာပြည်တွင်း လုပ်ကိုင်ဆောင်ရွက်နေသော ပရဟိတလုပ်ငန်းများ၊ မြန်မာပြည်တွင်းလက်ရှိအပြောင်းအလဲများ နှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို ဆွေးနွေးဟောပြောသွားခဲ့ကြပါတယ်။ အခမ်းအနားအပြီးတွင် ကိုရဲလွင်နဲ့ ကိုဆောင်းဦးလှိုင်တို့က တက်ရောက်လာသော ပရိသတ်များနှင့်အတူ တေးသီချင်းများ သီဆိုခဲ့ကြပါတယ်။
 “ပန်းခရမ်းပြာ၏အိပ်မက်များ” ဆိုတဲ့အမည်ကိုတော့ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းကိုဖြတ်သန်းခဲ့တဲ့ မျိုးဆက်တခုကို ရည်ညွှန်းတဲ့အနေနဲ့ရော၊ အမိမြန်မာပြည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးရဲ့အရေး၊ မြန်မာပြည်ဒီမိုကရေစီ အရေးတို့ကိုပါ ရည်ညွှန်းတဲ့အပြင် “ပန်းခရမ်းပြာ” သီချင်းကိုရေးစပ်ခဲ့သူ၊ မြန်မာပြည်တွင်းမှာ ပရဟိတလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်မြုပ် လုပ်ကိုင်နေသူ ကိုရဲလွင်ကို ဂုဏ်ပြုတဲ့အနေနဲ့ပါ ပြည်သူ့ဂုဏ်ရည်အသင်းက ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
 ဒီအစီအစဉ်ကို “ပြည်သူ့ဂုဏ်ရည်အသင်း”၏ ဌာနခွဲများတည်ရှိရာ နယူးယောက်၊မေရီလန်း၊ ဖလော်ရီဒါ၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်၊ အရီဇိုးနား၊ လက်စ်ဗေးဂတ်၊ အော်ရီဂွန် နဲ့ Salt Lake City တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ရန်ပုံငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ကတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။  
 နိုဝင်ဘာလ ၄ရက် တနင်္ဂနွေမနက် ၈နာရီ၁၀မိနစ်တွင် တေးရေးဆရာ ကိုရဲလွင်၊ ဆရာမဒေါ်သန်းမြင့်အောင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင်တို့သည် Baltimore Washington Airport မှ AirTran Flight နှင့် ဖလော်ရီဒါပြည်နယ် တန်ပါ(Tampa)မြို့သို့ “ပန်းခရမ်းပြာ၏အိပ်မက်များ” အကောင်အထည်ဖော်ရန်အတွက် ခရီးဆက်လက်ထွက်ခွာသွားကြပါတယ်။ ။
 ပြည်သူ့ဂုဏ်ရည် (မေရီလန်း) မှစီစဉ်သော ပန်းခရမ်းပြာဧ။် အိမ်မက်များ (ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ဆီသို့) အစီအစဉ်မှ ကောက်ခံရရှိသော အလှူငွေစာရင်း
 ဈေးရောင်းရငွေ..
 ဒေါ်မြညွန့်(ဆီထမင်း)                                                           $137.00
 ကိုဝင်းနိုင်နှင့်မသက်။ ကိုအေး (ဘိန်းမုန့်။လ္ဘက်ရည်)                          $286.00
 မပန်းဝါနှင့်သူငယ်ချင်းများ (တို့ဟူးနွေး)                                        $310.00
 ကိုထွန်းထွန်း (ရေနှင့်အဖျော်ရည်)                                                     $53.00
 အန်တီနှင်း (ပုစွန်ချဉ်)                                                                       $150.00
 ကိုသစ်ဆင်းနှင့်မနီလာ(ထမင်းပေါင်း)                                                $225.00
 ဒေါ်စန်းထူးမိသားစု (ကပ်ကြေးကိုက်)                                                 $200.00
 ဦးစိုးပိုင်နှင့်အန်တီမာရီ (နန်းကြီးသုတ်)                                              $200.00
 မတင်တင်မြင့် (ဆီထမင်း)                                                           $79.00
 အန်တီပေါ့ပက် (ကြက်သားပက်ဖ်)                                                   $80.00
 မိုးဇော်အောင်နှင့် အာရီး (စာအုပ်များ)                                                $110.00
 စုစုပေါင်း ဈေးရောင်းရငွေ                                                               $1830.00
 ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား(ပန်းချီကိုသန်းဋ္ဌေးမောင်)
 [ကိုဝင်းဦး+မထိုက်ထိုက်အောင်]                                                        $300.00
 ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား(ပန်းချီကိုသန်းဋ္ဌေးမောင်)                           
 [စုပေါင်းမဲနှိုက်]                                                                               $575.00
 ဗိုလ်ချုပ်အောင်ဆန်းပန်းချီကား (ပန်းချီကိုသန်းဋ္ဌေးမောင်)                              
 [ကိုသက်ခိုင်ဦး+မအိဇာ]                                                                   $300.00
 အလှူခံကောက်ခံရရှိငွေ                                                                    $2995.00
 စုစုပေါင်း အလှူငွေ   (receipt No#0026-0085)                                    $6000.00
 ဓါတ်ပုံများကြည့်ရန်…    
 https://www.facebook.com/media/set/?set=a.10151232947698057.481865.744603056&type=3
 https://www.facebook.com/media/set/?set=a.10151233001703057.481888.744603056&type=3
 https://www.facebook.com/media/set/?set=a.10151232974188057.481875.744603056&type=3
 https://www.facebook.com/media/set/?set=a.10151232959393057.481869.744603056&type=3
 ပွဲစီစဉ်သူများမှ ကြွရောက်လာကြသောမြန်မာမိတ်ဆွေမိသားစုများ..ဈေးကူညီရောင်းပေးသောမိသားစုများ..ကူညီအားပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အခက်အခဲ အဆင်မပြေမှု့များရှိခဲ့ပါက တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်..


