[cmsms_row][cmsms_column data_width=”1/1″][cmsms_text]
၂၀၁၂ ခုနှစ်၊ စက်တဘာၤလ (၁၂)ရက်
ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) အဖြစ် တောင်ကိုရီးယားနိုင်ငံတွင် ဖွဲ့စည်းလှုပ်ရှားခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ရည်ရွယ်ချက်ဖြစ်သော မြန်မာနိုင်ငံအတွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေး သူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာနိုင်ငံအတွင်းမှ လူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန် ဆိုသည့်အတိုင်း တစိုက်မတ်မတ်ဖြင့် ကိုရီးယားဌာနခွဲအဖွဲ့ဝင်များ လှုပ်ရှားဆောင်ရွက်ခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ လုပ်ငန်းစဉ်များအတိုင်း ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာလူမှု အသိုင်းအဝိုင်းတွင် ကျင်းပပြုလုပ်သော ပွဲတော်များ၌ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်း၊ ပြည်သူ့ဂုဏ်ရည်ဆုငွေတွင် မြန်မာနိုင်ငံသားတို့၏ ချွေးနဲစာများ ဂုဏ်ပြုချီးမြှင့်ငွေ၌ ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက် အလှူငွေများ ကောက်ခံခြင်း တို့ကိုလည်း လုပ်ဆောင်လျက်ရှိနေပါသည်။ ထိုချွေးနဲစာ လုပ်အားငွေများဖြင့် ၂၀၁၁ ခုနှစ်တွင် ပခုက္ကူ ရေဘေး ဒုက္ခသည်များကို အလှူငွေလှူဒါန်းခြင်း၊ ၂၀၁၂ ခုနှစ်တွင် ရခိုင်အသင်း (တောင် ကိုရီးယား)မှတဆင့် ဆင်းရဲဒုက္ခရောက်နေကြသည့် ရခိုင်ပြည်သူလူထုထံသို့ အလှူငေလွ ှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရန်အတွက် ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)တည်ရှိရာ တောင်ကိုရီးယားနိုင်ငံသည် ထိုက်တန်စွာ အရွေးချယ်ခံခဲ့ရပါသည်။ ထို့ကြောင့် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့တွင် ၂၀၁၃ ခုနှစ်၊ မေလ ထဲတွင်ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပါသည်။
ကိုရီးယားဌာနခွဲ၏ လုပ်ငန်းလမ်းစဉ်ဖြစ်သော မြန်မာနိုင်ငံတွင်းမှ လူမှုဒုက္ခများကို ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတို့အား ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ စုစည်းညီညွှတ်မှုဖြင့် လူသိရှင်ကြား တရားဝင် အခမ်းအနားကျင်းပ၍ ဖော်ထုတ်ဂုဏ်ပြုသွားကြရန်နှင့် ကျယ်ပြန့်ထိရောက်စွာ ကူညီသာွ းကြရန်ဆိုသည့်အတိုင်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြောက် နိုင်ရန်အတွက် ပထမအကြိမ် ရန်ပုံငွေရှာဖွေမည့် “ ရန်ပုံငွေ မိတ်ဆုံစားပွဲ ”ကို လာမည့် စက်တဘာၤလ (၁၆)ရက် နေ့လည် (၂)နာရီမှ ည (၈)နာရီအထိ ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ မြန်မာအသင်းခန်းမတွင် ကျင်းပပါမည်။ “ရန်ပုံငွေ မိတ်ဆုံစားပွဲ”သို့ မည်သူမဆို လွတ်လပ် စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ လက်မှတ်တစ်စောင်လျှင် ကိုရီးယား(ဝမ်) ငါးထောင်နှုန်းဖြင့် စိတ်တိုင်းကျ ဝယ်ယူအားပေးနိုင်ပါသည်။
မိတ်ဆုံစားပွဲမှ ရရှိလာသော အမြတ်ငွေများကို (၂၀၁၃) ခုနှစ် ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် “ပြည်သူ့ဂုဏ်ရည်”ဆုပေးပွဲ အခမ်းအနား ကုန်ကျစရိတ်များတွင် အသုံးပြုမည်ဖြစ်ပါသည်။
“ အရသာရှိသော မြန်မာအစားအသောက်များကို
အားပေးသုံးဆောင်ရင်း……..
တေးဂီတသံစဉ်များကို နားသောတဆင်နိုင်သလို…….
သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ…….
၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု
ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးအတွက်
အကြံပြုဆွေးနွေးမှုများကိုလည်း ရင်းရင်းနှီးနှီး
ပြောဆိုဆွေးနွေးကြပါမည်။ ”
ပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ
ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)
[/cmsms_text][/cmsms_column][/cmsms_row]