ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံတို့ကို သဘောတူနှစ်သက်သဖြင့် စင်္ကာပူနိုင်ငံရှိ မိတ်ဆွေများက ‘စင်္ကာပူ ဌာနခွဲ’ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
 မေလ ၁၉ ရက်နေ့က လမ်းပြကြယ်စာကြည့်တိုက်တွင် ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် စင်္ကာပူဌာနခွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံအတိုင်း ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
 စင်္ကာပူ ဌာနခွဲတာဝန်ခံအဖြစ် ကိုညီညီမျိုး ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် ဦးဘိုဘိုဝင်း ကို ရွေးချယ်ခဲ့ကြသည်။
 ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
 ဘဏ္ဍာရေးကော်မတီ 
 မခိုင်ခိုင်စိုး
 မခင်စန္ဒာ
 စာရင်းစစ်ကော်မတီ
 မခိုင်ခိုင်စိုး
 ပြန်ကြားရေးကော်မတီ
 ကိုစည်သူ
 ကိုပိုင်မင်းဦး
 စည်းရုံးရေးကော်မတီ
 ကိုညီညီမျိုး
 ကိုဇော်ညီညီဦး


