Skip to content

ပြည်သူ့ဂုဏ်ရည် လက်စ်ဗေးဂတ်ဌာနခွဲ ရန်ပုံငွေပွဲ ပြုလုပ်မည်

၂၀၁၀ ရန်ပုံငွေဈေးရောင်းပွဲ မြင်ကွင်း
ပြည်သူ့ဂုဏ်ရည် လက်စ်ဗေးဂတ်ဌာနခွဲ၏ ‘ဂီတဆည်းဆာညချမ်း နှင့် ရန်ပုံငွေဈေးရောင်းပွဲ’ ကို ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပွဲကို 7192 Girard Dr, Las Vegas, NV 89147 တွင် ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။
ယင်းပျော်ပွဲရွှင်ပွဲ၌ ဖာလူဒါ၊ ကြာဆံကြော်၊ လက်ဖက်ရည်၊ ကောက်ညှင်းငချိပ်ပေါင်း၊ ဝက်သားတုတ်ထိုး အစရှိသည့် ရသာစုံ အစားအစာများကို ရန်ပုံငွေအတွက် ဝယ်ယူအားပေးနိုင်သည့် အပြင် ပြည်သူ့ဂုဏ်ရည်အသင်း တီရှပ်အင်္ကျီများလည်း ဝယ်ယူနိုင်မည်ဖြစ်သည်။ ပွဲတော်လာ အဆိုဝါသနာရှင်များ အတွက် မြန်မာကာရာအိုကေ တေးသီချင်းများ သီဆိုနိုင်ရန် စီစဉ်ထားပြီး မြန်မာသီချင်း အပုဒ်ရေ တစ်သောင်းကျော်မှ မိမိနှစ်သက်ရာ တေးသီချင်းများကို အခမဲ့ သီဆိုနိုင်မည် ဖြစ်သည်။
ထို့ပြင် ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် ဖော်ပြထားသည့် ပြည်သူ့ဂုဏ်ရည်ဆု၊ ဆုရွေးချယ်ပုံ၊ ဂုဏ်ယူဖွယ်ရာ မြန်မာများ အစရှိသော ပြည်သူ့ဂုဏ်ရည်အသင်းနှင့်ပတ်သက်သည့် အမေးအဖြေ ဉာဏ်စမ်း အစီအစဉ်ကို ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး အမှတ်အများဆုံး ရရှိသူကို Kindle Fire Tablet တစ်လုံး ဆုချမည် ဖြစ်သည်။
အသေးစိတ် အချက်လက်များသိလိုပါက ကိုဘိုတောက် (၇၀၂- ၅၀၆-၇၉၂၃) နှင့် ကိုဝင်းသူအောင် (၇၀၂- ၃၀၈-၀၆၆၇) တို့ထံ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ ။

Donate Us

Contact admin in need : admin@citizenofburmaaward.org