Skip to content

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တက်ရောက်မည်

ယခုနှစ် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ တက်ရောက်မည်ဖြစ်သည်။
အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ကြားခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ဂုဏ်ရည်မိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ။

Donate Us

Contact admin in need : admin@citizenofburmaaward.org