ပြည်သူ့ဂုဏ်ရည်အသင်း ဘတ်ဖလိုး ဌာနခွဲအလုပ်အမှုဆောင် ပြန်လည်ဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့က နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ရှိ အဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ ပြည်သူ့ဂုဏ်ရည်အသင်း ဘတ်ဖလိုးဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပုံနှင့်အညီ ကော်မတီ ၄ ရပ်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဘတ်ဖလိုး ဌာနခွဲတာဝန်ခံအဖြစ် မကြူကြူမာ ကို ရွေးချယ်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် မသီသီအောင် ကို အဆိုပြုရွေးချယ်ခဲ့ကြသည်။
ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဘဏ္ဍာရေးကော်မတီ
- မမူမူစိုး (တာဝန်ခံ)
- ဒေါ်သန်းနွယ် (အဖွဲ့ဝင်)
- မမူရိုစာ (အဖွဲ့ဝင်)
စာရင်းစစ်ကော်မတီ
-
မဝင်းလဲ့ရွှေရည် (တာဝန်ခံ)
- မအေးအေးခိုင် (အဖွဲ့ဝင်)
- မဝင်းမာထွန်း (အဖွဲ့ဝင်)
ပြန်ကြားရေးကော်မတီ
- မသီသီအောင် (တာဝန်ခံ)
- မမုနော် (အဖွဲ့ဝင်)
- စည်းရုံးရေးကော်မတီ
- မကြူကြူမာ (တာဝန်ခံ)
- ဇူလိုင်မိုးဦး (အဖွဲ့ဝင်)