Skip to content

သင်သေသွားသော်

Written by ဇော်ဂျီ
သြော် .. လူ့ပြည်လောက၊ လူ့ဘဝကား

အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင် သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင် ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။ ။

–ဇော်ဂျီ

၁၉၃၅ ခုနှစ် ဒီဇင်ဘာလ အိုးဝေမဂ္ဂဇင်း

Donate Us

Contact admin in need : admin@citizenofburmaaward.org