နွေဦးတော်လှန်ရေးကြီးအတွင်း ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုတွင် တာဝန်ကျေခဲ့ကြသည့် လူငယ်တို့၏ စွန့်လွှတ်၊ ရဲရင့်၊ ထက်မြက်ထူးချွန်သော တီထွင်ကြံဆမှုများကိုဂုဏ်ပြုသည့် “နွေဦးတော်လှန်ရေးတွင် ပါဝင်နေ သောလူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ”
“နွေဦးတော်လှန်ရေးတွင်ပါဝင်နေသော လူငယ်များ၏တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ” အာဏာရှင် ဖက်ဆစ်တို့၏ ကမ်းကုန်အောင် ယုတ်မာ၊ ရက်စက်မှုများကို ခုခံ၊တွန်းလှန်နေကြသည့် နွေဦးတော်လှန်ရေးကြီးအတွင်း၊ ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်မှုတွင်တာဝန်ကျေခဲ့သည့် လူငယ်တို့၏ စွန့်လွှတ်၊ ရဲရင့်၊ ထက်မြက်၊ ထူးချွန်သော တီထွင်ကြံဆမှုများကို ၂၀၂၃ခုနှစ် ၁၄ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် သတ်မှတ် ဂုဏ်ပြုခြင်းဖြစ်သည်။
ပြည်သူနဲ့အတူရပ်တည်ပြီး ဖက်ဆစ်တို့၏ဖိနှိပ်မှုများအောက်မှ လူထုအသံကို ကုလသမဂ္ဂစင်မြင့်ထက်မှ ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုနေသူ၊ သတ္တိ၊ပညာ၊သစ္စာတို့နဲ့ ပြည့်စုံသည့် ပြည်သူ့သံအမတ်ကြီး “ဦးကျော်မိုးထွန်း”
“ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း” ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို အာခံ၊ ဆန့်ကျင်ခဲ့ပြီး ပြည်သူနှင့်အတူ တသားတည်းရပ်တည်ခဲ့သူ၊ဖက်ဆစ်တပ်၏ ဖိနှိပ်မှုများအောက်မှ မြန်မာပြည်သူတို့၏ အသံကို ကုလသမဂ္ဂစင်မြင့်တွင် ရဲရဲဝံ့ဝံ့တင်ပြပြောဆိုနေသူ၊သတ္တိ၊ ပညာ၊ သစ္စာတို့နှင့်ပြည့်စုံသည့် “ဦးကျော်မိုးထွန်း (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး)”ကို ၂၀၂၃ခုနှစ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် သတ်မှတ် ဂုဏ်ပြုခြင်းဖြစ်သည်။
“ပြည်သူ့ ကာကွယ်ရေးစစ်သည်တော်များ (PDF)” မြန်မာပြည်သူများ၏ အသက်များ၊ ဘဝများကို ရက်ရက်စက်စက် နှိပ်ကွပ်နေသည့် စစ်အာဏာရှင် မင်းအောင်လှိုင်၏ လက်ကိုင်တုတ် ဖက်ဆစ်တပ်များကို လူထုရှေ့မှ မားမားမတ်မတ်ရပ်တည်လျှက် ခုခံ၊ ကာကွယ်၊ တွန်းလှန်ရေး ဆောင်ရွက်နေကြသည့် “ပြည်သူ့ ကာကွယ်ရေး စစ်သည်တော်များ (PDF)” ကို ၂၀၂၂ခုနှစ် ပြည်သူ့ဂုဏ်ရည်… Read More »၂၀၂၂ခုနှစ် ၁၃ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု