ဦးကျော်ဝဏ္ဏ (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၅-၂၀၁၆) အထွေအထွေ အတွင်းရေးမှုး (၂၀၁၁-၂၀၁၅)

ဦးကျော်ဝဏ္ဏ (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၅-၂၀၁၆) အထွေအထွေ အတွင်းရေးမှုး (၂၀၁၁-၂၀၁၅)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၅-၂၀၁၆)

အထွေအထွေ အတွင်းရေးမှုး (၂၀၁၁-၂၀၁၅)

အဖဦးကျော်မြင့်၊ အမိဒေါ်စန်းစန်းလွင်တို့ဖြစ်ပြီး ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒအထူးပြုဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စာရေးဆရာမ မမိုးချိုသင်း နှင့် အိမ်ထောင်ပြုခဲ့သည်။
ရန်ကုန်မြို့တွင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၁၉၉၄ မှ ၂၀၀၂ခုနှစ်အထိ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် စက်ယန္တရားလုပ်ငန်းများတွင် ဒေသဆိုင်ရာမန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၃ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ပြီး U.S. Furniture Incorporation တွင် Operations Manager အဖြစ် ၂၀၀၉ ခုနှစ်အထိ ၇ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ Union Pacific Rail Road ကုမ္ပဏီ၏ အင်ဂျင်နီယာဌာန၌ Signal Technician အဖြစ် အလုပ် လုပ်ကိုင်လျက်သည်။

၂၀၀၉ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့သူတစ်ဦးဖြစ်သည်။
၂၀၁၅ မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ၂၀၁၁ မှ ၂၀၁၅ခုနှစ်အထိ အထွေထွေအတွင်းရေးမှူး၊ ၂၀၁၆မှ ၂၀၁၈ခုနှစ်အထိ ဘဏ္ဍာရေးမှူး.. စသည့်တာဝန်များ ဆောင်ရွက်ခဲ့သည်။