ဦးဝေလဝင်း (နယူးယောက် ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၁-၂၀၁၅) တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂၀၁၅-၂၀၁၆)

ဦးဝေလဝင်း (နယူးယောက် ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၁-၂၀၁၅) တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂၀၁၅-၂၀၁၆)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၁-၂၀၁၅)

တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂၀၁၅-၂၀၁၆)

အဖ ဦးကျော်ဝင်း နှင့် အမိ ဒေါ်မြင့်မြင့်ကြည်တို့က တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ အစိုးရဝန်ထမ်း ဖြစ်သည့်အားလျော်စွာ ဖခင်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရာ ကြို့ပင်ကောက်၊ သံလျင်၊ ဟင်္သာတ၊ ပေါက်ခေါင်း၊ ရန်ကုန် စသည့်မြို့များတွင် လှည့်လည်ကြီးပြင်းခဲ့သည်။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ပင်မတွင် ဘူမိဗေဒ ဘာသာ အဓိကဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ပြီးဆုံးပြီး ၁၉၉၄ ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာ၍ ထိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိအခြေချခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် မသီတာမြင့်နှင့် အိမ်ထောင်ပြုခဲ့သည်။
လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသည့်အလျောက် ကျောင်းသားဘဝကပင် နေထိုင်ရာရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ် ကြက်ခြေနီအသင်း စသည်များတွင် ဝင်ရောက်ပါဝင်ခဲ့သည်။ ကြီးပြင်းလာသောအခါတွင်လည်း နီးစပ်ရာလူမှုရေးလုပ်ငန်းများကို အခါအားလျော်စွာ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၂၀၀၉ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းစဉ်ကပင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ယာယီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နှင့် နယူးယောက်ဌာနခွဲ (New York Chapter) တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ Gemological Institute of America (GIA) နယူးယောက်ကျောက်မျက်ဓါတ်ခွဲခန်းတွင် ကျောက်မျက်ဗေဒပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ သည်။ ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လည်အခြေချခဲ့ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့တွင် Gemological Institude Of Myanmar ကို ထူထောင်ခဲ့သည်။
၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။