ဦးထွန်းထွန်း (အော်ဘာနီ ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ

ဦးထွန်းထွန်း (အော်ဘာနီ ဌာနခွဲ)  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ)နှင့် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် သမိုင်းဘာသာအဓိကဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်မှ စတင်၍ တက္ကသိုလ်အသီးသီးသို့ ကူးစက်ပျံ့နှံ့ခဲ့သည့် ကျောင်းသားအရေးအခင်းမှ အသွင်ကူးပြောင်းခဲ့သော ပြည်သူ့အရေးတော်ပုံတွင် ပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ လူမျိုးစုနယ်မြေသို့ ထွက်ခွာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အထိ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ရပ်တည်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မချိုချို နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်ခဲ့သည်။
၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီး ယခုအခါ နယူးယောက်ပြည်နယ် အော်ဘာနီမြို့၌ နေထိုင်လျက်ရှိသည်။ Integrated Liner Technologies တွင် Machine Operator အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပြီး World Financial Group တွင်လည်း Life Insurance Agent အဖြစ် လုပ်ကိုင်လျက်ရှိသည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်း အော်လ်ဘာနီဌာနခွဲ တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် ဂုဏ်ပြုပွဲအပြီး ဖွဲ့စည်းခဲ့သော ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်လည်း ဝင်ရောက်တာဝန်ယူ ခဲ့သည်။ ၂၀၁၅ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်ခဲ့သည်။