ဒေါ်ဒီဇင်မိုး (ဆန်ဖရန်စစ်စကို ဌာနခွဲ)

ဒေါ်ဒီဇင်မိုး (ဆန်ဖရန်စစ်စကို ဌာနခွဲ)

ဘဏ္ဍာရေးမှူး

မဒီဇင်မိုးကို ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အဖ ဦးဘီစ္စနူးကူမားရ်နှင့် အမိဒေါ်မာယာတို့မှ ဖွားမြင်သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံးဖြစ်သည်။ အခြေခံပညာ မူလတန်းကျောင်းကို မြစ်ကြီးနား အမက (၁၃) တွင် တက်ရောက်ခဲ့ပြီး အထက်တန်းပညာရေးကို မြစ်ကြီးနား အထက (၂) တွင် ဆည်းပူးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အထိ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဇွန်လတွင် အမေရိကန်ပြည်ထောင်စု Seattle မြို့သို့ ရောက်ရှိခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကိုထိန်လင်းနှင့် အကြောင်းပါခဲ့သည်။ ထိုစဉ်ကတည်းက ယခုတိုင် San Francisco, Bay Area တွင် ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှစ၍ City College of San Francisco တွင် ပညာဆည်းပူးသင်ယူခဲ့ကာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် License Vocation Nurse နှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် Registered Nurse ဖြင့် Associate Degree of Nursing ကို ရရှိခဲ့သည်။ ယခုအချိန်တွင် Registered Nurse အဖြစ်ဖြင့် အစိုးရဆေးရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကို ဌာနခွဲ အလုပ်အမှုဆောင်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် စတင်တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်နှင့် ဘဏ္ဍာရေးမှူး တာဝန်ကို ဆောင်ရွက်လျက်ရှိသည်။