ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌနှင့် ဂျပန်ဌာနခွဲ တွေ့ဆုံ

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်က ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌ ဒေါ်တင်တင်ညိုသည် ဂျပန်ဌာနခွဲတာဝန်ခံများဖြစ်ကြသည့် ကိုစိုးစံနှင့် မခင်ဝတီဦးတို့အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး၊ အသင်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ သတင်းဓါတ်ပုံ – ဂျပန်ဌာနခွဲ

ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌနှင့် ကိုရီးယားဌာနခွဲ တွေ့ဆုံ

ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌ ဒေါ် တင်တင်ညိုသည် အာရှခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံသို့ရောက်ရှိခဲ့ကာ ဌာနခွဲတာဝန်ခံ ကိုဝင်းမြင့်ဦးနှင့်အတူ ပြည်သူ့ဂုဏ်ရည်ဝိုင်းတော်သားများနှင့် အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်တွင် ရင်းနှီးခင်မင်စွာ တွေ့ဆုံခဲ့ကြပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌနှင့် ထိုင်ဝမ်ဌာနခွဲ တွေ့ဆုံပွဲ

ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌ ‌ဒေါ်တင်တင်ညိုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ တာဝန်ခံ ဦးကိုကိုသူနှင့် အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဓါတ်ပုံ – တွေ့ဆုံခဲ့ကြသည့် မှတ်တမ်းတင်ပုံရိပ်များ

“ဝမ်းနည်းခြင်း သဝဏ်လွှာ” (မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်)

ယနေ့ အောက်တိုဘာ ၇ ရက်၊ နံနက် ၃ နာရီ အချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆုံးပါး ကွယ်လွန်ကြောင်း သိရှိရသည့်အတွက် ပြည်သူ့ဂုဏ်ရည် အသင်းမှ များစွာ ကြေကွဲဝမ်းနည်းရပါသည်။ ဒေါက်တာ ဇော်မြင့်မောင်သည် အမျိုးသား...