၂၀၁၉ ခုနှစ် (၁၀) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ရက်စွဲ – ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက် တနင်္လာနေ့

 

၂၀၁၉ ခုနှစ် (၁၀) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။
ရက်စွဲ – ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက် တနင်္လာနေ့
၂၀၁၉ ခုနှစ် (၁၀) ကြိမ်မြောက် ဂုဏ်ပြုပွဲအတွက် အမည်စာရင်းတင်သွင်းခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်နေ့အထိ လက်ခံခဲ့ရာ မြန်မာပြည်တွင်းရှိ အသင်းအဖွဲ့/လူပုဂ္ဂိုလ် စုစုပေါင်း (၃၂) ခုကို အဆိုပြုခဲ့ကြပါသည်။ ယင်းကဲ့သို့ အဆိုပြုလွှာတင်သွင်းခြင်းကို အလေးထား ဆောင်ရွက်ခဲ့သူများအား ပြည်သူ့ဂုဏ်ရည်အသင်းက အထူးကျေးဇူးတင်ရှိပါသည်။
အဆိုပါ လက်ခံရရှိသော အမည်စာရင်းများကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့် စိစစ်ပြီး ဆုရွေးချယ်ရေး အဆင့်များဖြင့် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆုရှင်အမည်ကို ဧပြီလ ၆ ရက် (စနေနေ့) အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် ကျင်းပမည့် ဂုဏ်ပြုပွဲ၌ ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ။
အပြည်ပြည်ဆိုင်ရာမြန်မာတိုင်းရင်းသားမိသားစုများ၏
ပြည်သူ့ဂုဏ်ရည်အသင်း